ဝါရှင်တန်၊ ဒီဇင်ဘာ ၆
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲတွင် နိုင်ငံအားလုံးဆုံးရှုံးရမည် ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အကြီးအကဲက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ အ မေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဝေဖန်တိုက်ခိုက်မှုကို ခံနေရ သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) အကြီးအကဲ ရော်ဘတ်တို အဇီဗယ်ဒိုက အပြောင်းအလဲများ လိုအပ်နေသည်ကို သိရှိကြောင်း၊ သို့သော် ကုန်သွယ်ရေးကြောင့် အလုပ်လက်မဲ့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဆိုသော ဝေဖန်မှုကို လက်မခံကြောင်း ပြောဆိုခဲ့ သည်။
အဇီဗယ်ဒိုက လွန်ခဲ့သော သီ တင်းပတ်ကုန်ပိုင်းတွင် ဗျူနိုအေး ရိစ်မြို့၌ ကျင်းပခဲ့သည့် G20 ထိပ်သီးအစည်းအဝေးမှ ချမှတ်လိုက် သော ခေတ်မီသည့် ကုန်သွယ်ရေး စနစ်အပေါ် ပိုမိုကောင်းမွန်သည့် တာဝန်ယူမှုများ ဖြစ်လာစေရေး WTO အဖွဲ့ကို ပြုပြင်ပြောင်းလဲ ရေးကတိကဝတ်ကို ကြိုဆိုကြောင်း နှင့် စနစ်ပိုမိုကောင်းမွန်လာနိုင် ကြောင်း ပြောကြားခဲ့သည်။ သို့သော် သမ္မတထရန့်အစိုးရက အမေရိ ကန်ကုန်သွယ်ရေးလိုငွေကို လျှော့ ချနိုင်ရန် ကုန်သွယ်ရေးမိတ်ဖက်များ အထူးသဖြင့် တရုတ်နိုင်ငံမှ တင်သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင့် ကုန်သွယ်ရေးတွင် အားလုံးညီမျှရမည် ဖြစ်သည့်အခြေအနေဆိုသော စိတ်ကူးအကြံဉာဏ်ကို မတွေးမိ ရန်လိုကြောင်း အဇီဗယ်ဒိုက ပြောဆိုထားသည်။
အမျိုးသားနိုင်ငံခြားကုန်သွယ် ရေးကောင်စီတွင် မိန့်ခွန်းပြော ကြားရာ၌ ၎င်းက ”အားလုံးအကျိုး ဖြစ်ထွန်းနိုင်မှာပါ” ဟုဆိုသည်။ ဗျူနိုအေးရိစ်မြို့တွင် ရရှိခဲ့သည့် အမေရိကန်-တရုတ်ကုန်သွယ်ရေးဆိုင်ရာ ပြေငြိမ်းမှုနှင့် ကမ္ဘာ့စီးပွား ရေး အကြီးမားဆုံးနိုင်ငံနှစ်ခုကြား ပဋိပက္ခကိုဖြေရှင်းရန် သဘောတူ ညီချက်တစ်ခုရရှိရန် ဆောင်ရွက် ရေး ကတိကဝတ်ကို ကြိုဆိုခဲ့သည်။ ကုန်သွယ်ရေးပဋိပက္ခကို အရှိန် မြှင့်သည့် ကမ္ဘာ့စီးပွားရေး နာလန်ထူမှုကို ပိုမိုအားလျော့လာစေနိုင် ကြောင်း ၎င်းကဆိုသည်။ ယင်း ကိစ္စရပ်နှင့်ပတ်သက်၍ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီးကလည်း သတိပေးချက် ထုတ်ပြန်ထားသည်။
Ref: AFP/CNA
#democracytoday
Discussion about this post