ဂျေရုဆလင်၊ မတ် ၂၂
ပါလက်စတိုင်း ဒုတိယဝန်ကြီး ချုပ်နှင့် ပြန်ကြားရေးဝန်ကြီးဖြစ်သူ နာဘီလ်အဘူရူဒင်နားက အလည်အပတ်ရောက်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယို၏ နှစ်ဖက်အကျိုး တူဆွေးနွေးရန် ကမ်းလှမ်းချက်ကို ပါလက်စတိုင်း ခေါင်းဆောင်အဖွဲ့က လက်မခံဘဲ ငြင်းဆိုလိုက်ကြောင်း ပြောကြားခဲ့သည်ကို ဆင်ဟွာသတင်းက မတ် ၂၂ရက်တွင်ဖော်ပြ ခဲ့သည်။ အနောက်ဘက်ကမ်းမြို့ ရာမာလာ၌ သတင်းစာရှင်းလင်းပွဲပြု လုပ်ရာတွင် အဘူရူဒင်နားက ပွန်ပီယို၏ ကမ်းလှမ်းချက်ကို ပြန်ကြားလိုက်ကြောင်း ပါလက်စတိုင်းဦး သျှောင်အဖွဲ့က အမေရိကန်က ဂျေရုလဆလင်ကို အစ္စရေးနိုင်ငံ မြို့တော်ဖြစ်သည်ဆိုသည့် ကြေညာ ချက်ကိုမရုပ်သိမ်းမချင်း ပါလက်စတိုင်းက အမေရိကန်နှင့် ဆက်ဆံမှုပြုလုပ်မှာမဟုတ်ကြောင်း ပြန်ကြားလိုက်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်သည် ကြားလူ များစွာမှတစ်ဆင့် ပါလက်စတိုင်း ဦးသျှောင်အဖွဲ့နှင့် ဆက်သွယ်ရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် အမေရိကန်၏ ဂျေရုဆလင်ဆိုင် ရာဆုံးဖြတ်ချက်ကို ပြန်လည်မရုပ် သိမ်းသမျှ အမေရိကန်နှင့် မဆက်ဆံဟု ၎င်းကဆိုသည်။ အဘူရူဒင်နားက အမေရိကန် အစိုးရသည် အရှေ့အလယ်ပိုင်းနှင့် နိုင်ငံတချို့ကိုလွှမ်းမိုးရန် ကြိုးပမ်း လျက်ရှိကြောင်း၊ ၎င်းတို့ကို အမေ ရိကန်ရပ်တည်ချက်အတိုင်း လိုက်ပါရန် ဆွဲသွင်းမည်ဖြစ်ကြောင်း၊ ပါလက်စတိုင်းတို့ကို လက်မခံတဲ့အချက်ကို မည်သည့်အာရပ်နိုင်ငံ ကမှ လက်ခံမည်မဟုတ်ကြောင်း ပြောကြေားခဲ့သည်။
၎င်းက အစ္စရေးပါလက်စတိုင်း နယ်မြေများမှာ အခြေချအိမ်ရာ ဆောက်လုပ်မှုများကို ရပ်တန့်ရန်လည်း တိုက်တွန်းလိုက်သည်။ နှစ်ဖက်သဘောတူညီမှုများကိုပါ လိုက်နာရန်ပြောကြားလိုက်သည်။ ပါလက်စတိုင်းက အမေရိကန်အစိုးရ၏ ၂ဝ၁၇ခုနှစ်တွင် ဂျေရုဆလင်အား အစ္စရေးမြို့အဖြစ် သတ်မှတ်မှုကို သပိတ်မှောက်ကာ အမေရိကန်သံရုံးကိုလွန်ခဲ့သော မေလက ဂျေရုဆလင်သို့ ရွှေ့ပြောင်း ခြင်းကိုလည်း ကန့်ကွက်ခဲ့သည်။
Ref : Xinhua
#democracytoday
Discussion about this post