ဝါရှင်တန်
အမေရိကန်လူမျိုးတို့၏ သဘောထားနှင့် ပတ်သက်၍ ဆန္ဒမဲကောက်ယူရာတွင် ထက်ဝက်လောက်က လာမည့်နှစ်အနည်းငယ်အ တွင်း အမေရိကန်ပြည်ထောင်စုသည် အီရန် နိုင်ငံနှင့် စစ်မက်ဖြစ်ပွားမည်ဟု ယုံကြည်လျက် ရှိကြောင်း သိရသည်။ ရိုက်တာနှင့် ဈေးကွက်သုတေသနကုမ္ပဏီ IPSOS က မေ ၁၇ ရက်မှ ၂ဝ ရက်အထိ အမေရိကန်လူမျိုး အရွယ်ရောက်ပြီးသူဦးရေ ၁ဝဝဝ ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ စစ်တမ်းကောက်ယူမှုအရ ၅၁ ရာခိုင်နှုန်းက လာမည့်နှစ်အနည်းငယ်အတွင်း အီရန်နှင့် စစ် ဖြစ်လာဖွယ်ရှိကြောင်း ဖြေကြားခဲ့ပြီး လွန်ခဲ့ သည့်နှစ် ဇွန်လက အလားတူစစ်တမ်းကောက် ယူရာတွင် ရှစ်ရာခိုင်နှုန်းက စစ်ဖြစ်မည်ဟု မျှော်လင့်ကြောင်း ဖြေကြားခဲ့ကြသည်။
စစ်တမ်းကောက်ယူမှုအရ ၂၁ ရာခိုင် နှုန်းက အီရန်နိုင်ငံကို ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်ခြင်းကို ထောက်ခံအားပေးကြပြီး ၆ဝ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြသည်။ သို့ရာ တွင် ၇၉ ရာခိုင်နှုန်းကမူ အီရန်ကသာ ဦးစွာ တိုက်ခိုက်လာမည်ဆိုပါက အမေရိကန်စစ် တပ်အနေနှင့် စစ်ရေးအရ အရေးယူဆောင် ရွက်မှုဖြင့် တုံ့ပြန်သင့်ကြောင်း ပြောကြားခဲ့ သည်။ အီရန်အရေးကိစ္စအပေါ် သမ္မတထရန့် ၏ ကိုင်တွယ်ဖြေရှင်းပုံကို ၄၉ ရာခိုင်နှုန်းက နှစ်မြို့ခြင်းမရှိဘဲ ၃၉ ရာခိုင်နှုန်းက ထောက်ခံ ကြောင်း သိရသည်။
Ref: Reuters
#theyangontimes
Discussion about this post