ဝါရှင်တန်၊ ဒီဇင်ဘာ ၁
ဝင်ငွေခွန်များကြီးကြီးမား မားလျှော့ချမည့် အမေရိကန်သမ္မ တဒေါ်နယ်ထရန့်၏ ဥပဒေမူကြမ်း သည် ဝေဖန်ကန့်ကွက်မှုများကြောင့် အထက်လွှတ်တော်တွင် ရှေ့မတိုး နိုင်ဖြစ်နေရကြောင်း ဒီဇင်ဘာ ၁ ရက် AFP သတင်းကဆိုသည်။
ဒေါ်နယ်ထရန့်၏ အခွန်ဥပ ဒေမူကြမ်းတွင် ကုမ္ပဏီများ၊ တစ်သီးပုဂ္ဂလများထံမှ ဝင်ငွေခွန်ကောက် ခံမှုနှုန်းထားကိုသိသိသာသာလျှော့ ချပေးထားသည်။ ထိုသို့လျှော့ချပါ က အစိုးရ၏ဝင်ငွေမလုံမလောက် ဖြစ်လာမည်ကို စိုးရိမ်မှုများရှိနေ သည်။ ထရန့်ကမူအခွန်လျှော့ချ ၍ စီးပွားရေးတိုးတက်လာမှုကြောင့် အခွန်ပိုမိုရရှိလာမည်ဟုပြောဆို ထားသည်။
ထရန့်၏ရီပတ်ဘလီကန်ပါ တီသည် အထက်လွှတ်တော်တွင် ၅၂-၄၈ ဖြင့် အမတ်နေရာတစ် ဝက်ကျော်ရရှိထားသည်။ သို့သော် ပါတီ၏မူဝါဒကို လက်မခံသော ရီပတ်ဘလီကန်အမတ်သုံးဦးကသာ ကန့်ကွက်မဲပေးပါက ဥပဒေအတည် ပြုနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ရီပတ်ဘလီကန်ပါတီခေါင်းဆောင် များသည် လွှတ်တော်၌ မဲခွဲမဆုံး ဖြတ်သေးဘဲ အချင်းချင်းဆွေးနွေး ညှိနှိုင်းလျက်ရှိသည်။
လက်ရှိတွင် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်များဖြစ် သော Bob Corker, Jeff Flake နှင့် Ron Johnson တို့သည် ထရန့်၏ ဥပဒေမူကြမ်းကို ကန့်ကွက်နေသည်။ အစိုးရအနေဖြင့်အခွန်ငွေ ထင်သလောက်မရရှိပါက၊ အခွန် နှုန်းထားပြန်လည်တိုးမြှင့်နိုင်ရေး (သို့မဟုတ်)အခွန်နှုန်းထားကို ခြောက်နှစ်တစ်ကြိမ်ပြန်လည်တိုး မြှင့်ရေးစသည့်အချက်များထည့် သွင်းပေးရန် ¤င်းတို့ကတောင်းဆို ထားသည်။
ထရန့်၏အခွန်ဥပဒေမူကြမ်း တွင် ကုမ္ပဏီများထံမှ ဝင်ငွေခွန် ကောက်ခံမှုနှုန်းထားကို လက်ရှိ ၃၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်း သို့လျှော့ချပေးထားသည်။
ထိုဥပဒေမူကြမ်းသည် အောက် လွှတ်တော်တွင် အတည်ပြုပေးနိုင် ခဲ့ပြီးဖြစ်သည်။ သို့သော်အထက် လွှတ်တော်နှင့်အောက်လွှတ်တော် သို့တင်သွင်းသော ဥပဒေမူကြမ်း နှစ်ခုသည် အနည်းငယ်ကွဲပြားနေ သည်ဖြစ်ရာ အထက်လွှတ်တော် က ဆက်လက်အတည်ပြုပေးလျှင် ပင်လွှတ်တော်နှစ်ခုပြန်လည်ညှိ နှိုင်းရန် လိုအပ်နေသေးသည်။
Ref : AFP
Discussion about this post