ကိုင်ရို၊ ဇန်နဝါရီ ၂
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဇန်နဝါရီ ၁ ရက် နံနက်အစောပိုင်းက နှစ်သစ်ကူးပွဲ ဆင်နွှဲနေစဉ် သေနတ်သမားတစ်ဦး၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ရဲဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ရသည်ဟု တရားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ဇန်နဝါရီ ၂ ရက် သတင်းများအရသိရသည်။ ယင်းသည် လူနည်းစု ခရစ်ယာန်ဘာသာဝင်များ အကြမ်းဖက်ခံရမှုတွင် လူအသေအပျောက်ရှိခဲ့ သော နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပြီး ကိုင်ရိုမြို့ တောင်ဘက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် သုံးရက်မျှသာရှိသေးစဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘုရားကျောင်း တိုက်ခိုက်ခံရမှု၌ လူကိုးဦး သေဆုံးခဲ့ရသည်။ ယင်းအကြမ်းဖက် တိုက်ခိုက်မှုဖြစ်ရပ် နှစ်ခုစလုံးသည် ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားတစ်ဦးတည်း ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ကောက်ချက်ချယူဆထားသည်။ သေနတ်သမားသည် မော်တော်ဆိုင် ကယ်ကယ်ရီဖြင့် အနောက်မှထိုင် လိုက်လာပြီး အရက်ဆိုင်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ကိုင်ရိုနှင့် ဂင်ဇာ ဆက်စပ်နှစ် မြို့၌ နံနက်ပိုင်း ၂ နာရီခွဲ (ဂရင်း နစ်စံတော်ချိန် နှစ်ဆယ်သုံးနာရီ မိနစ်သုံးဆယ်) လူအများ နှစ်သစ်ကူးအထိမ်းအမှတ် ကျင်းပကာ လမ်းမ များပေါ်၌ ကခုန်နေကြစဉ် အကြမ်းဖက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ပစ် ခတ်ခံရသော အရက်ဆိုင်ပိုင်ရှင်သည်လည်း ခရစ်ယာန် ဘာသာဝင် ဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ပစ်ကွင်းမှ လွတ်မြောက်ခဲ့ကာ အတူရှိနေ သော မိတ်ဆွေနှစ်ဦးမှာမူ ကျည်သင့် သေဆုံးခဲ့ရသည်။ အကြမ်းဖက် ပစ်ခတ်ရခြင်းအကြောင်းရင်း အား ရဲအဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
အရက်သောက်ခြင်းကို အီဂျစ်နိုင်ငံတွင် ဘာသာရေးအရ တားမြစ်ထားသော်လည်း အရက်လက္ကား ရောင်းချသောဆိုင်များရှိနေသည်။ ယမန်နှစ် ဇန်နဝါရီ ၂ ရက်တွင်လည်း မြေထဲပင်လယ်မြို့ အလက် ဇန္ဒြီးယားမြို့၌ အရက်ဆိုင်ပိုင်ရှင် ခရစ်ယာန်ဘာသာဝင်တစ်ဦးကို ဘာသာရေးအစွန်းရောက်တစ်ဦးက သတ်ဖြတ်ခဲ့ခြင်းပြု၍ အာဏာ ပိုင်များက ဖမ်းဆီးကာ သေဒဏ်ချ မှတ်ခဲ့ပြီး ဖြစ်သည်။ လူဦးရေ ၉၃ သန်းရှိသော အီဂျစ်နိုင်ငံတွင် ၁ဝ ရာခိုင်နှုန်း သည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ဘာသာရေး အစွန်း ရောက် အကြမ်းဖက်သမားများသည် ၎င်းတို့ကို ပစ်မှတ်ထားကာ အသေခံဗုံးခွဲခြင်း၊ အကြမ်းဖက် ပစ် ခတ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိ၍ ယမန်နှစ်အတွင်းက ဒါဇင်နှင့်ချီသော ခရစ်ယာန် ဘာသာဝင်များ သေဆုံးခဲ့ရသည်။
Ref: AFP
Discussion about this post