ဝါရှင်တန်၊ ဇန်နဝါရီ ၁၈
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက် ဒေသမယ်ဒူဂူရီမြို့ပြင်ရှိ ရွှေ့ပြောင်းခိုလှုံသူများနေထိုင်ရာ မူနာဂါရတ်၌ ဇန်နဝါရီ ၁၇ ရက်ည ၈နာရီမှ ဇန်န ဝါရီ ၁၈ ရက် နံနက် ၆ နာရီ အချိန်အထိ အသေခံဗုံးခွဲအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ဝ ဦး သေဆုံးခဲ့ရပြီး လူ ၆၅ ဦး ဒဏ်ရာများရရှိခဲ့သည်ဟု အမျိုးသားအ ရေး ပေါ်စီမံခန့်ခွဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူကာဒီယာဘရာဟင်က ဇန်နဝါရီ ၁၈ ရက်က ထုတ်ဖော် ပြောဆိုလိုက်သည်။
အကြမ်းဖက်သမားနှစ်ဦးတို့သည် ဗုံးပါသောအင်္ကျီများဝတ်ဆင်၍ လူစည်ကားသောဈေးအတွင်း၌ အသေခံဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ယင်းသည် ၂ဝ၁၈ ခုနှစ်အတွင်း ပထမဦးဆုံးအကြမ်းဖက်မှုဖြစ်သည်ဟု ရဲမှူးကြီးဒါမီနီယမ်ချူဝူက ထုတ်ဖော်ပြောဆိုလိုက်သည်။ အကြမ်းဖက်သမားအပါအဝင် သေဆုံးသူများအား မယ်ဒူဂူရီတက္ကသိုလ်လေ့ကျင့်ရေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြသည်။ ယခုအသေခံဗုံးခွဲတိုက်ခိုက်မှုသည် မည်သည့်အကြမ်းဖက်အဖွဲ့ ၏လက်ချက်ဟု ထုတ်ဖော်ပြောဆိုမှုရှိသော်လည်း ဘိုကိုဟာရမ်အ ကြမ်းဖက်အဖွဲ့၏ လက်ချက်ဖြစ်နိုင်သည်ဟု ရဲများကယူဆထားကြသည်။”ဒီလိုအသေခံဗုံးဖောက်ခွဲမှုမျိုးဟာဘိုကိုဟာရမ်တွေပဲပြုလုပ်တတ်တဲ့ မှုခင်းပုံစံမျိုးပါပဲ”ဟု ၎င်းကထုတ်ဖော်ပြောကြားလိုက်သည်။
Ref; AP
#democracytoday
Discussion about this post