ယူနိုက်တက်နေးရှင်း၊ ဖေဖော်ဝါရီ ၂ဝ
ကင်ဆာရောဂါ အပြင်းအထန် ခံစားနေရသူ တစ်ဦးကို သေဒဏ် မစီရင်ရန် အမေရိကန်အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်း ကျင်သူနှစ်ဦးက တိုက်တွန်းလိုက် ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက် ဆင်ဟွာသတင်းက ဆိုသည်။ ဥပဒေမဲ့ သေဒဏ်စီရင်မှုဆိုင် ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ကဲလမတ်နှင့် ညှဉ်းပန်းနှိပ်စက်မှု ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်း သူ မဲလ်ဇာတို့က ကင်ဆာရောဂါ အပြင်းအထန် ခံစားနေရသည့် ဒွိုင်း လီဟမ်းကို အမေရိကန်ပြည်ထောင် စု အလာဘားမားပြည်နယ်တွင် ဖေ ဖော်ဝါရီ ၂၂ ရက်၌ သေဒဏ်စီရင် မှု နောက်ဆုတ်ရွှေ့ဆိုင်းပေးရန် ပူး တွဲကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဒွိုင်းလီဟမ်းသည် ကင်ဆာ ရောဂါ အပြင်းအထန် ခံစားနေရ ကြောင်း၊ မကြာသေးမီက ဆရာဝန် များသည် ¤င်း၏ သွေးကြောများကို ရှာရခက်ခဲကြောင်း၊ ထို့ကြောင့် ¤င်း ကို ဆေးထိုးကာ သေဒဏ်ပေးမှု သည် ပုံမှန်ထက် ပိုမိုနာကျင်ခံစား ရနိုင်ကာ ညှဉ်းပန်းနှိပ်စက်သည့် သဘော သက်ရောက်သွားနိုင်ကြောင်း ကြေညာချက်က ဆိုသည်။
ထို့အပြင် ဒွိုင်းလီဟမ်း၏အမှုကို စစ်ဆေးခဲ့ပုံမှာ နိုင်ငံတကာ စံနှုန်း များနှင့် မညီခဲ့ကြောင်း၊ ¤င်း၏အမှု ကို ပြန်လည် စစ်ဆေးပေးစေလို ကြောင်း ကြေညာချက်က တိုက်တွန်း ထားသည်။ ယခုအခါ အသက်(၆ဝ) ရှိပြီ ဖြစ်သော ဒွိုင်းလီဟမ်းသည် ၁၉၈၇ ခုနှစ်ကတည်းကပင် သေဒဏ်ချ မှတ်ခံခဲ့ရသည်။ ၁၉၈၇ ခုနှစ်တွင် ဟိုတယ်တစ်ခုကို ဓားပြတိုက်ကာ ဝန်ထမ်းတစ်ဦးကို သတ်ဖြတ်ခဲ့မှု ဖြင့် သေဒဏ် ချမှတ်ခံရခြင်းဖြစ် သည်။ ¤င်းတွင် ကင်ဆာဖြစ်နေ ကြောင်းကို လွန်ခဲ့သော နှစ်အနည်း ငယ်က ဆေးစစ်သိရှိခဲ့ရသည်။
Ref: Xinhua
#democracytoday
Discussion about this post