ဆိုးလ်၊ မတ် ၂ဝ
ဆိုးလ်တရားရုံးတစ်ခုက သမ္မတဟောင်းလီမြောင်ဘတ်အား ဖမ်းဆီးရန်အတွက် ဝရမ်းထုတ်ပေသင့်၊ မပေးသင့်ကို မတ် ၂၂ ရက်တွင် ကြားနာဆုံးဖြတ်သွားမည်ဖြစ်သည်။ ၎င်းမှာ လာဘ်စားမှုတစ် ဒါဇင်ခန့်ဖြင့် စွဲချက်တင်ခံနေရသည်။ လာဘ်စားမှု၊ အလွဲသုံးစားမှုနှင့် အာဏာအလွဲသုံးစားလုပ်မှုတို့ ပါဝင်သည်။ ဆိုးလ်မြို့ ဗဟိုခရိုင်တရားရုံးက မတ် ၂ဝ ရက်၌ ပြောကြားသည်မှာ တရားရုံးက နံနက် ၁ဝ နာရီခွဲတွင် ၎င်းအားဖမ်းဆီးရန်ကိစ္စမှာ ဥပဒေနှင့်ညီ၊ မညီကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ တရားရုံးက ၎င်း၏ဆုံးဖြတ်ချက်ကို မတ် ၂၃ ရက် နံနက်ပိုင်း၌ကြေညာမည်ဟုယူဆရသည်။
လအတော်ကြာ စုံစမ်းစစ်ဆေး ပြီးနောက် အစိုးရရှေ့နေများက လီအား ဖမ်းဝရမ်းထုတ်ပေးရန် ပြောကြားခဲ့ကြသည်။ သမ္မတဟောင်းက ဤလုပ်ရပ်မှာ နိုင်ငံရေးလက်စားချေမှုအဖြစ် ပြောကြားလိုက်သည်။ လွန်ခဲ့သောအပတ် မတ် ၁၄ ရက်မှ မတ် ၁၅ ရက်အထိ ၎င်းအားမေးမြန်းစစ်ဆေးမှုကို ၂၁ နာ ရီကြာ ပြုလုပ်ခဲ့ကြသည်။ လီမှာ ၂ဝဝ၈-၂ဝ၁၃ သမ္မတသက်တမ်းကာလတွင် ဝမ်ငွေ ၁၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၃ သန်း) ကို နိုင်ငံတော် ထောက်လှမ်းရေးအေဂျင်စီထံမှ လာဘ်ယူခဲ့သည်ဟုဆိုသည်။ အသက် (၇၇) နှစ်ရှိ သမ္မတ ဟောင်းမှာ ကားအပိုပစ္စည်းစက်ရုံ DAS ၏ အမှန်ပိုင်ရှင်ဖြစ်နိုင်သည်။ ဤစက်ရုံအား ၎င်း၏အစ်ကိုအကြီး လီဆန်အန်းက စာရွက်စာတမ်းအရ ပိုင်ဆိုင်သည်ဟုဆိုသည်။ ရှေ့နေများက လီသည် ၁၉၉၄-၂ဝဝ၆ ခုနှစ်ကာလတွင် သမ္မတရွေးကောက်ခံရန်အတွက် လာဘ်ငွေ ဝမ် ၃၄ ဘီလီယံ ရယူခဲ့သည်ဟု ပြောခဲ့ပြီး ၎င်းကိုဖမ်းဆီးရန် တင်ပြခဲ့ခြင်းဖြစ်သည်။
ဆမ်ဆောင်းက ၂ဝဝ၇ ခုနှစ် တွင်က DAS အား လျော်ကြေး ဝမ် ၆ ဒသမ ၈ ဘီလီယံပေးခဲ့ရ ခြင်းမှာ လီ၏လာဘ်စားခြင်းအဖြစ် ရှေ့နေများကယူဆခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက ဗုဒ္ဓတက္ကသိုလ်ထူထောင်ရန် လီအား လာဘ်ငွေပေးခဲ့သည်ဟုဆိုသည်။ ၎င်း၏လာဘ်စားမှုမှာ ၎င်း၏ မိသားစုကိုပါ သက်ရောက်ခဲ့ရာ ၎င်း၏ဇနီး ကင်ယွန်းဟုတ်အပေါ် ၌လည်း သံသယမကင်းမှုများ ဖြစ်ခဲ့ရသည်။
Ref; Yonhap
#democracytoday
Discussion about this post