မနီလာ၊ ဧပြီ ၅
ဖြူလွလွ သဲသောင်ပြင်များနှင့် သန္တာကျောက်တန်းများရှိသော ကြောင့် ထင်ရှားသော ဘိုရာကေး အပန်းဖြေကျွန်းတွင် အမှိုက်နှင့် အညစ်အကြေးများ များပြားနေမှု ကြောင့် ဧပြီ ၂၆ရက်မှစ၍ ခြောက် လကြာ ပိတ်ထားရန် ဖိလစ်ပိုင် သမ္မတ ဒူတာတေက ညွှန်ကြား လိုက်ကြောင်း ဧပြီ ၅ရက် ရိုက်တာသတင်းက ဆိုသည်။
အကျယ်အဝန်း လေးစတုရန်း မိုင်ရှိသော ဘိုရာကေးကျွန်းသည် ထိုင်းနိုင်ငံမှ ဖူးခက်ကျွန်း၊ အင်ဒို နီးရှားမှ ဘာလီကျွန်းတို့နှင့်အပြိုင် ရေပန်းစားနေသော အပန်းဖြေ စခန်းဖြစ်သည်။ ယခုလို ခရီးသွား များ ဝင်ရောက်ခွင့် ပိတ်ပင်လိုက် သောကြောင့် ကျွန်းပေါ်ရှိ ဒေသခံ လေးသောင်းခန့်၏ စီးပွားရေး ထိ ခိုက်ရဖွယ်ရှိနေသည်။ အမေရိကန်မှ နယူးယောက် တိုင်းမ် သတင်းစာကြီးသည် ဘို ရာကေးကျွန်းကို အာရှတိုက်၏ အပန်းဖြေဒေသအသစ်အဖြစ် ၂ဝ၁ဝ ခုနှစ်တွင် ချီးမွမ်းရေးသားခဲ့သည်။ ခရီးသွားလမ်းညွှန်မဂ္ဂဇင်းများက ဝိုင်းဝန်းချီးကျူးကြသဖြင့် ဘိုရာ ကေးကျွန်းသည် လူသိများလာခဲ့ သည်။ ယခင်နှစ်က လာရောက် သည့် ခရီးသွားအရေအတွက် နှစ် သန်းအထိ ရှိခဲ့သည်။
သို့သော် ဘိုရာကေးကျွန်း၏ အမှိုက်နှင့်အညစ်အကြေးစွန့်ပစ်သည့် စနစ်သည် လုံလောက်ကောင်း မွန်မှု မရှိတော့ကြောင်း ကမ်းခြေ များမှာ ညစ်ပတ်လာပြီး မစင်တွင်း ကဲ့သို့ပင် ရွံ့စရာကောင်းနေကြောင်း ဒူတာတေက ပြောကြားခဲ့ဖူးသည်။ ဘိုရာကေးကျွန်း သန့်ရှင်းသာ ယာရေးအတွက် မည်သို့လုပ် ဆောင်ပေးမည်ကိုမူ အစိုးရက အသေးစိတ် မပြောကြားသေးပါ။ ဒေသခံများကလည်း မိမိတို့ဒုက္ခ ရောက်မည်ဖြစ်သောကြောင့် ဆုံး ဖြတ်ချက်ကို ပြန်လည် သုံးသပ် ပေးရန် တောင်းဆိုထားသည်။
Ref ; Reuters
Discussion about this post