မြူအန်စတာ၊ ဧပြီ ၈
ဂျာမနီနိုင်ငံအနောက်ပိုင်း မြူအန်စတာမြို့ စားသောက်ဆိုင် တစ်ခု၏အပြင်ဘက်တွင်ထိုင်နေ ကြသောလူအုပ်ကို ဂျာမန်အမျိုး သားတစ်ဦးက ကားဖြင့်ဝင်တိုက်ခဲ့ ကြောင်း ဧပြီ ၈ ရက် ရိုက်တာ သတင်းက ဆိုသည်။ ထို့နောက် တရားခံသည် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်သတ်သေသွားခဲ့ပြီး အခြားသူနှစ်ဦးလည်း သေဆုံးခဲ့ရ ကြောင်း အာဏာပိုင်များက ပြော သည်။ မြူအန်စတာသည် သာယာ လှပသော တက္ကသိုလ်မြို့လေးဖြစ် သည်။ တရားခံသည် စားသောက် ဆိုင်အပြင်ဘက်စားပွဲများတွင်ထိုင် နေသောလူများကို ဗင်ကားဖြင့် တရကြမ်းဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူ ၂၀ ရှိခဲ့ပြီး ခြောက်ဦး မှာ အသက်အန္တရာယ်စိုးရိမ်ရသည်။
တရားခံသည် ဂျာမနီနိုင်ငံ သားဖြစ်ကြောင်း၊ အစ္စလာမ္မစ်ဝါဒီ နောက်ခံသမိုင်းကြောင်းမရှိကြောင်း၊ ကားထဲမှာပင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီး ၀က်စ်ဖလီးယားက ပြောသည်။ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၇ မိနစ်တွင်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းင်း က ပြောသည်။
တရားခံမှာ ဂျုန်းစ်(၄၈) နှစ် ဖြစ်ပြီး အခင်းဖြစ်ပွားရာမှ နှစ်ကီ လိုမီတာခန့်ဝေးသော အရပ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းင်းသည် စိတ်ကျန်းမာရေးချို့တဲ့နေသူဖြစ် ကြောင်း၊ လက်ယာစွန်းအစွန်း ရောက်များနှင့် အဆက်အဆံရှိသူ ဖြစ်ကြောင်း ပြည်တွင်းသတင်းများ က ဆိုသည်။ အစိုးရကမူ ထိုသတင်း များကို အတည်ပြုမပေးသေးပါ။
တရားခံမောင်းနှင်လာသည့် ကားပေါ်မှ ခုန်ဆင်းထွက်ပြေးသွား သူနှစ်ဦးရှိသည်ဟုလည်း သတင်း များက ဆိုသည်။ ရဲတပ်ဖွဲ့ကမူ အန္တရာယ်ကင်းရှင်းပြီဟု ကြေညာ ထားသည်။
ဂျာမနီတွင် ယခင်နှစ်ကလည်း လူအုပ်ကို ထရပ်ကားဖြင့်ဝင်တိုက် သောကြောင့် ယခင်နှစ်က ငါးဦး သေဆုံးခဲ့ရသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကလည်း ၁၂ ဦးသေ ဆုံးခဲ့ရသည်။ ဂျာမနီသည် အရှေ့ အလယ်ပိုင်းဒေသမှ ဒုက္ခသည် များကို သန်းနှင့်ချီပြီး လက်ခံနေ ထိုင်ခွင့်ပြုခဲ့သည့် နိုင်ငံဖြစ်သည်။
Ref:Reuters
Discussion about this post