ကင်ဂါလီ၊ ဧပြီ ၂၈
လိုင်ဘီးရီးယားနိုင်ငံသမ္မတ ဟောင်းဖြစ်သူ အယ်လင်ဂျွန်ဆင် ဆာလိ(ဖ်)သည် နိုင်ငံတွင်းပြည် တွင်းစစ်လွန်ကာလတွင် လိုင်ဘီး ရီးယားနိုင်ငံအား တိုးတက်မှုများ ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့၍ မိုအီဘရာဟင်ဖောင်ဒေးရှင်းမှ ချီး မြှင့်သော ၂ဝ၁၇ ခုနှစ်အီဘရာဟင် ဆုကို ချီးမြှင့်ခံခဲ့ရ၍ ဆုငွေဒေါ် လာငါးသန်းအား ရဝမ်ဒါနိုင်ငံကင် ဂါလီမြို့၌ဧပြီလ ၂၇ ရက်နေ့က တက်ရောက်လက်ခံရယူခဲ့သည်ဟု ဧပြီလ ၂၈ ရက်နေ့သတင်းများအရ သိရှိရသည်။
”အာဖရိကတိုက်ကအမျိုးသ မီးနဲ့ ကလေးတွေဟာ စိန်ခေါ်မှု အခက်အခဲတွေကို ကျော်ဖြတ်ပြီး ရှေ့တန်းကို မားမားမတ်မတ်ရောက် ရှိလာဖို့ ကျွန်မမျှော်လင့်ယုံကြည် ထားပါတယ်”ဟူ၍ သူမကဆုလက် ခံရယူရင်းမိန့်ခွန်းတွင် ထည့်သွင်း ထားပြောကြားသည်။ ”မိုအီဘရာဟင်ဖောင်ဒေးရှင်း သည် လိုင်ဘီးရီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် နှစ်ကြိမ်ဆက်တိုက် ရွေးကောက်ခံ ခဲ့ရသူ အယ်လင်ဂျွန်ဆာလိ(ဖ်)အား ပြည်တွင်းစစ်ပြီးနောက် နိုင်ငံအ ပေါ် ဒီမိုကရေစီစနစ်ဖြင့် ထိရောက် စွာ အုပ်ချုပ်နိုင်ခဲ့သောကြောင့် စွမ်း ဆောင်ရည်မြင့်မားခဲ့သူတစ်ဦးအ ဖြစ် ယခုကဲ့သို့အသိအမှတ်ပြုဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်”ဟု ဆုရွေး ချယ်ရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ဆလင်းအာမက်ဆလင်းက ထုတ် ဖော်ပြောကြားခဲ့သည်။
Ref;Xinhua
#democracytoday
Discussion about this post