ကွာလာလမ်ပူ၊ မေ ၁ဝ
မလေးရှားအထွေထွေရွေး ကောက်ပွဲ၌ အနိုင်ရခဲ့သော အတိုက်အခံပါတီခေါင်းဆောင် မဟာသီယာမိုဟာမက်သည် မလေးရှား၏ဝန်ကြီးချုပ်အသစ်အဖြစ် မေ ၁ဝ ရက်တွင် ဘုရင့်နန်းတော်သို့ လာရောက်ကျမ်းကျိန်ဆိုခြင်းမရှိခဲ့ ကြောင်း၊ ၎င်းကို မည်သူမျှ အ ကြောင်းမကြား၍ဖြစ်ကြောင်း ဘုရင့်နန်းတော်ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ ဤသို့ရက်ပြောင်းလဲမှုအတွက် အကြောင်းပြချက်လည်း မရှိဟု ၎င်းကပြောခဲ့သည်။
မဟာသီယာက ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပြောကြားခဲ့သည်မှာ ဘုရင်က ဝန်ကြီးချုပ်ခန့်အပ်လွှာကို မေ ၁ဝ ရက်တွင် အခမ်းအနားဖြင့်လက်မှတ်ရေးထိုးသွားလိမ့်မည်ဟု ပြောခဲ့သည်။ မဟာသီယာက ဘုရင့်နန်းတော်က ၎င်းအား မည်သည့်အကြောင်းမျှမကြား၍ ၎င်းအနေဖြင့် မသွားခဲ့ကြောင်း ပြော ကြားလိုက်သည်။ မဟာသီယာ၏ အတိုက်အခံ မဟာမိတ်အဖွဲ့က ရွေးကောက်ပွဲတွင် မဲအနည်းငယ်ဖြင့် အနိုင်ရရှိခဲ့ပြီး နှစ် ၆ဝ ကြာ အုပ်ချုပ်လာသည့် UMO ပါတီ၏ အုပ်စိုးမှုကို အဆုံးသတ်လိုက်သည်။
Ref ; Reuters
#democracytoday
Discussion about this post