ကိုလံဘို၊ မေ ၁၄
သီရိလင်္ကာနိုင်ငံ တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရုတ်တရက် ရေကြီးမှုကို ဂယ်လီနှင့် ကာလူတာရာခရိုင်တို့၌ ခံစားခဲ့ရသည်။ လူ ပေါင်း ၈ဝဝဝ ကျော်မှာ ရေး ဘေးဒဏ်ကို ခံခဲ့ကြရကြောင်း၊ ဘေးဒုက္ခများ စီမံခန့်ခွဲရေးဌာနက မေ ၁၄ ရက် ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ပရာဒီးဖ်ကိုဒီပီလီကဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် မိုးသည်းထန်စွာရွာသွန်းနေ၍ လူများကို ၎င်းတို့နေအိမ်များမှ ကယ်တင်ခဲ့ရကြောင်း၊ မိုးမှာ မေ ၁၄ ရက်၌ ဆက်လက်ရွာသွန်းခဲ့ပြီး ပုံမှန်အနေအထားသို့ ပြန်ရောက်ခဲ့သည်ဟု ၎င်းကပြောခဲ့သည်။ သေကျေ၊ ဒဏ်ရာရမှုသတင်း မသိရသော်လည်း၊ အနိမ့်ပိုင်းရပ် ဝန်းနေသူများအား သတိဝီရိယဖြင့် နေထိုင်ကြရန်နှိုးဆော်ထား ကြောင်း ၎င်းကဆိုသည်။ မိုးမှာ မေ ၁၄ ရက် ညပိုင်းတွင်ပို၍ကြီးလာမည်ဟုမျှော်မှန်း ရကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာက ကြေညာချက်မထုတ်ပြန် သေးဟု ၎င်းကပြောခဲ့သည်။
သီရိလင်္ကာမိုးလေဝသဌာန၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်တွင် မေ ၁၄ ရက်ညနေပိုင်းတွင် ပြည်နယ်အများစု၌ မိုးကြိုး မုန်တိုင်းများဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြခဲ့သည်။ မိုးကြီးမှုမှာ နိုင်ငံအလယ်ပိုင်း ဒေသဆာဘရာဂါမူဝါတောင်ပိုင်း ဒေသယူဗာနှင့်အနောက်ပိုင်း ပြည်နယ်များတွင် ဖြစ်ပေါ်နိုင် ကြောင်း မိုးလေဝသဌာနက ဖော်ပြလိုက်သည်။ ၂ဝ၁၇ ခုနှစ် မိုးရာသီမေလအလယ်တွင် သီရိလင်္ကာ၌ရေကြီးမှုအကြီးအကျယ်ဖြစ်ပွားခဲ့ရာလူ ၂ဝဝကျော် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
Ref: Xinhua
#democracytoday
Discussion about this post