ဂျာလာလာဘတ်၊ မေ ၁၉
အာဖဂန်နစ္စတန်အရှေ့ပိုင်း ဂျာလာလာဘတ်မြို့ရှိ အားကစားရုံများ၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ လူရှစ်ဦးသေဆုံး၍ အခြားဒါ ဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ ပေါက်ကွဲမှုမှာ မေ ၁၈ ရက် ညပိုင်း၌ဖြစ်ကြောင်း ရိုက်တာတာသတင်းက မေ ၁၉ ရက်သတင်း၌ ဖော်ပြခဲ့သည်။ ပေါက်ကွဲမှုမှာ ဂျာလာလာ ဘတ်မြို့ ဘောလုံးကွင်း၌ဖြစ်ကြောင်း၊ ထိုအချိန်တွင် ခရစ်ကက်ကစားပွဲ ကျင်းပနေချိန်ဖြစ်ကြောင်း၊ ရာမာဒမ်လအစ၌ဖြစ်ကြောင်း ပြည်နယ် ကော်စီဝင် ဆွာရက်ကာဒေရိက ပြောကြားလိုက်သည်။
ပေါက်ကွဲမှုမှာ ဒုံးပျံနှစ်စင်းကျရောက်၍ဖြစ်ကြောင်း၊ အနည်းဆုံးလူခြောက်ဦးသေကာ ၅ဝ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ သို့ရာတွင် အတိအကျကို မသိရသေး ကြောင်း ၎င်းကပြောကြားလိုက်သည်။ နန်ဂါဟာပြည်နယ်အုပ်ချုပ် ရေးမှူး၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် ပွဲကြည့်သူရှစ်ဦးသေဆုံးကာ ၄၃ ဦးဒဏ်ရာရရှိသွားခဲ့ ကြောင်း၊ ပေါက်ကွဲမှုသုံးခုတစ်ခု ပြီးတစ်ခုဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။ ဤပေါက်ကွဲမှုအတွက် တာ ဝန်ရှိကြောင်း ပြောကြားသည့်အဖွဲ့ မရှိသေးဟုဆိုသည်။
နန်ဂါဟာပြည်နယ်မှာ ပါကစ္စတန်နှင့် နယ်ချင်းထိစပ်လျက်ရှိသည်။ ယခုနှစ်တွင် အကြမ်းဖက် မှု ပို၍များပြားလာသည်။ ယခင်အပတ်က ပူးပေါင်းတိုက်ခိုက်မှုကို နိုင်ငံတော်စာရင်းဌာနကို လုပ် ဆောင်ခဲ့ရာ လူ ၁၅ ဦး သေဆုံးခဲ့ရသည်။ လွန်ခဲ့သောအပတ်တွင် ပြည် နယ်အုပ်ချုပ်ရေးမှူးကတဖြည်းဖြည်း လုံခြုံရေးယိုယွင်းလာနေသည်ဟု ပြောကြားမှုအပေါ် ငြင်းပယ်ခဲ့သည်။ ဤပြည်နယ်တွငှ်ု နှင့်တာလီဘန်အကြမ်းဖက်များ တဖြည်းဖြည်း တိုးပွားလာနေသည်ဟုဆိုသည်။
Ref: Reuters
#democracytoday
Discussion about this post