ဂါဇာ-အစ္စရေးနယ်စပ်၊ ဇူလိုင် ၁၅
ပါလက်စတိုင်း ဟားမက်စ်အဖွဲ့မှ အစ္စရေးဘက်သို့ ဒုံးကျည် ၁ဝဝ ခန့် ပစ်လွှတ်ခဲ့ပြီးနောက် အစ္စရေးမှ ဒါဇင်နှင့်ချီသောလေ ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး စနေနေ့တွင် အစ္စရေးနှင့် ဂါဇာလက်နက်ကိုင်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရန် သ ဘောတူခဲ့ကြောင်းသိရသည်။ သို့သော်ငြား အဆိုပါသ ဘောတူညီချက်ကြေညာပြီး နာရီအနည်းငယ်ခန့်၌ပင် အစ္စရေးက ပါလက်စတိုင်းဘက်မှ ၎င်းတို့အား မော်တာဗုံးနှစ်လုံးပစ် ခတ်ခဲ့သည်ဟုပြောဆိုခဲ့ပြီး ၎င်းတို့မှ ယင်းမော်တာပစ်ခတ်မှုလာ ရာဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းအား ပြန်လည်ပစ်ခတ်ချေ မှုန်းခဲ့ကြောင်းဆိုခဲ့သည်။
ဝန်ကြီးချုပ်နေတန်ယာဟုသည် ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှုနည်းဗျူဟာသစ်အား နိုင်နင်းအောင် ကိုင်တွယ်နိုင်ခြင်းမရှိဟု အစ္စရေးပြည်သူများက ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုများ ပေါ်ထွက်လာအပြီးတွင် ယခုကဲ့သို့ အစ္စရေးစစ်တပ်၏ ဂါဇာဒေသအ ပေါ် ပြင်းထန်သောလေကြောင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ပါလက်စတိုင်းတို့သည် ဂါဇာဘက်မှ မီးလောင်စေနိုင်သောစွန်များ၊ မီးပုံပျံများစေလွှတ်ကာ အစ္စရေးတောင်ပိုင်းရှိ စိုက်ခင်းများ၊ ချုံထနောင်းတောများအား မီးရှို့နေခြင်းဖြစ်သည်။
အစ္စရေးထောက်လှမ်းရေး ဝန်ကြီးအစ္စရေးခက်ဇ်က အစ္စ ရေး၏ ယခုတိုက်ခိုက်မှုများအား လွန်ခဲ့သောလေးနှစ်ခန့်က ဖြစ်ပွားခဲ့သော ခုနစ်ပတ်ကြာ အစ္စ ရေးစစ်တပ်၏ ပါလက်စတိုင်းအပေါ် စစ်ပွဲဆင်နွှဲမှု၏အစပုံစံ မျိုးမမြင်ကြရန် ပြောကြားခဲ့သည်။ ”ကျွန်တော်တို့ စစ်ပွဲဆင်နွှဲ နေတာမဟုတ်ပါဘူး။ ကျွန်တော် တို့ပြန်လည်တိုက်ခိုက်နေတာက ကျွန်တော်တို့ဘက်ကို ဂါဇာက ဒုံးကျည်တွေ၊ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ၊ မော်တာဗုံးတွေ၊ မီး လောင်စေတဲ့စွန်တွေနဲ့ လာလာတိုက်ခိုက်နေတာကို သည်းခံနေမှာမဟုတ်ဘူးဆိုတာကို သိစေချင်တာပါ”ဟု ၎င်းကဆိုခဲ့သည်။
Ref; Reuters
#democracytoday
Discussion about this post