စကော့ပ်ဂျီ(မက်ဆီဒိုးနီးယား)၊ ဇန်နဝါရီ ၁၂
မက်ဆီဒိုးနီးယားနိုင်ငံသည် နိုင်ငံ၏အမည်အား North Mace-donia ဟူ၍ တရားဝင်အမည်ပြောင်း လဲလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဇိုရန်ဇေ့(ဗ်)က ထုတ်ဖော်ကြေညာ လိုက်သည်ဟု ဇန်နဝါရီ ၁၂ရက် က ထုတ်ဖော်ပြောဆိုလိုက်သည်။ ဂရိနိုင်ငံအနီးတွင် တည်ရှိ သောယင်းနိုင်ငံသည် နေတိုးစာ ချုပ်အဖွဲ့ဝင်နိုင်ငံနှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ် သည်။ ပါလီမန်အမတ် ၈ဝ စလုံး က ယခု အမည်ပြောင်းလဲခြင်းအား မဲဆန္ဒပေး အတည်ပြုပြောင်းလဲခဲ့ ခြင်းဖြစ်သည်။
”ယခုကဲ့သို့အမည်သစ် ပြောင်းလဲခြင်းသည် နိုင်ငံလိုအပ် ချက်အရ ပြောင်းလဲခဲ့ရခြင်းဖြစ်သည် ”ဟု ဝန်ကြီးချုပ်ကဆက်လက် ပြောကြားလိုက်သည်။ နိုင်ငံဝန် ကြီးချုပ်ဇိုရန်ဇေ့(ဗ်)သည် လက်ဝဲ ယိမ်းဝါဒီတစ်ဦးဖြစ်သည်။ ယခင်အမည်ဟောင်း မက်ဆီဒိုနီးယား အမည်မှယခုအမည်သစ်သို့ပြောင်း လဲခြင်းအား အချိန်ကြာမြင့်စွာ ပြောဆိုဆွေးနေခဲ့ကြပြီးမှ ယခု အတည်ပြုချက်ရရှိခဲ့ခြင်းဖြစ် ည်။
နေတိုးအဖွဲ့ခေါင်းဆောင် ဂျင်းစ်စတော့တင်ဘတ်က North Macedonia ဟု အမည်သစ် ပြောင်းလဲခြင်းအား ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ဥ ရောပသမဂ္ဂနိုင်ငံ ခြားရေးဌာန အကြီးအကဲဖက်ဒရီ ကာမိုဟာ ရီနီကလည်း ယခုအမည်သစ်သို့ ပြောင်းလဲခြင်းကို ကြိုဆိုခဲ့သည်။
Ref:AP
#democracytoday
Discussion about this post