အိုင်အိုဝါ၊ နိုဝင်ဘာ ၆
အမေရိကန်နိုင်ငံထံ အိုင်အိုဝါပြည်နယ်မှ အသက် (၅၁) နှစ် အရွယ် Lerynne West သည် လွန်ခဲ့သောလအတွင်းက ဖွင့်လှစ် သော အမေရိကန်ဒေါ်လာသန်း ၇ဝဝ ခန့် ဆုကြေးရှိသော Powerball ထီဆုကြီးအား ဆွတ်ခူးရရှိသွားခဲ့သည်ဟု နိုဝင်ဘာ ၆ ရက်က အေပီသတင်းဌာနက ရေးသား ဖော်ပြလိုက်သည်။
ထီဆုရွေးချယ်ရေးအဖွဲ့အ ရာရှိများသည် သူမထီပေါက်ပြီး ရက်သတ္တနှစ်ပတ်ကြာမှသာ သူမထံသို့ ထီပေါက်ကြောင်းအကြောင်း ကြားခဲ့သည်ဟုလည်း အေပီသတင်း ဌာနကဖော်ပြလိုက်သည်။ သူမသည် ထီဆုငွေဒေါ်လာ ၆၈၈ သန်းအား အတူပေါက်သူ နယူးယောက်မြို့သားတစ်ဦးနှင့် အတူ ခွဲဝေယူရမည်ဖြစ်သည်။ ၎င်းထီလက် မှတ်အား Casey’s စတိုးဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အမေရိကန်ထီသမိုင်းတွင် ယင်းသည် ၂၆ နှစ်အတွင်း တတိ ယအများဆုံးဆုမဲဖြစ်ပြီး ယခင်က ဒေါ်လာ ၃၄၃ ဒသမ ၉ သန်းဆုသာ အများဆုံးဆုကြီးအဖြစ် ပေါက်ခဲ့ဖူးသူရှိသည်။ အမည်ဖော်ပြမထား သော အသက် (၅၁) နှစ်အရွယ် ကံထူးရှင်သူမသည် သမီးသုံးဦး မြေးခြောက်ဦးတို့အား ခွဲဝေပေး ခြင်း၊ ခိုကိုးရာမဲ့ဘိုးဘွားများအား အဖွဲ့အစည်းတစ်ရပ်ထူထောင်ခြင်း များပြုလုပ်သည်ဖြစ်သည်ဟု သိ ရှိရသည်။
Ref : CNA
#democracytoday
Discussion about this post